Tuesday, November 24, 2009

အလွမ်းသင့်ရောင်စုံည

လက်ထဲကမိုက်ကရိုမီတာတစ်လက်
တိုင်းစရာရှာယင်းနန့်အတွီးစ
ချပြလို့ရရေကိန်းဂဏန်းတိမဟိ
အစမသိရေအတွီးကြိုးကိုဆွဲဆန့်မိ
လျှောက်မိခရေလမ်းကြောင်းတိက
နှုတ်ဆက်ယင်းနန့်အတိတ်မှာ…

ရောက်နိန်ခရေပုံစံချေတိ
နာမေမသိရေအယင်ကခံစားမှုမျိုး
မျှော်လင့်ဖို့ခံစားမှုကုန်ကြမ်း
နယ်လှည့်ယင်းကျင်လည်ချင်ခရေခရီး
အိမ်မက်ကိုပုံဖော်ဖို့စိတ်ကူး
ရူးမိုက်မိုက်နန့်သျှူသျှိုက်မိခရေ
မျှော်လင့်ခြင်းတဖက်အလွန်က…

နိရက်တိနန့်လကိုဖွဲ့
လတိနန့်နှစ်ကိုသီ
ဆောင်လီပါယင့်ဆယ်စုတိဆီ
ဓလေ့ကိုလွမ်းရာသီတမ်းယင်း
ဆောင်းပေါက် မိုးနှောင်း နွီဦးပြောင်း
ရွက်ဟောင်းတိလည်းကြွီနိန်ဗျာယ်…

ခရင်းတစ်စုံမလိုရေ
လတ်လတ်ဆတ်ဆတ်ခြံထွက်သီးနှံများနန့်
ဆူဆူညံညံမိသားစုထမင်းဝိုင်း
ရောင်စုံမီးမရလို့
ဆီမီးခွက်အောက်မှာပင်စားရစားရ
အရသာကတော့အဆမကန်ပိုရေ…

ကျေးဇူးတရားကိုလေ့လာယင်း
သီအိုရီကိုထပ်ဖြည့်စွက်
နားလည်ရခက်တေယူဆချက်တိနန့်
လွမ်းယင်းတမိရေ
မိဘအရိပ်ချေစကေခိုချင်လို့
အားလပ်ရက်ကမဟိကေ
အေတဆောင်းလည်းပြောင်းပါဗျာယ်…။

လေးစားစွာဖြင့်
SATOE 20112009

No comments: