Tuesday, November 24, 2009

လိုရာမဲ့ဆန္ဒ

မှောင်စပြုညကာလမှာ
လရောင်မိုးမခန်းအောက်
ပုဇွန်ဆီရောင်ဆည်းဆာအလှ
ပျောက်လုပျောက်ခင်
အရိပ်အကဲမသိ
ဆန္ဒတိနန့်လိုရာမဲ့ဦးတည်ချက်…။

ရနံ့တစုံကိုမက်မောယင်း
ပန်းတပွင့်ရာဇ၀င်ကိုလေ့လာချင်ခသူ
ဖြူနီပြာရောင်စုံညအလှထဲမှာ
ပျော်ဝင်စီးမျှောယင်း
လမ်းတဆုံးတော့မော့မကြည့်ချင်…။

အဆိပ်မိသူမဟုတ်သည့်တိုင်
ပျား ပိတုန်းဆိုစော်က
ဥယျာဉ်မှူးနန့်မိတ်ဖက်တိယာ
ဂန္တ၀င်မြောက်ခန်းနားမှူတိအောက်
လရောင်ကလင်းလက်ခွင့်ပျောက်…။

ရွက်ခြောက်တိကြွီ
ရွက်နုဝီတိုင်း
နိရက်သစ်တိကိုအဖော်ပြု
ရင်ထဲကခံစားချက်ကိုမွန်းမံ
တောင်းဆုပြုရန်လိုရာမဲ့ဆန္ဒတခု…။

လေးစားစွာဖြင့်
SATOE (15112009)

No comments: