Saturday, October 10, 2009

ဆောင်းရိပ်နန့်စပ်မိစပ်ရာ

ဆောင်းလီကမြူးတူးတူး
လရောင်မိုးမခန့်အောက်က
လွင့်မျောနိန် တိမ်စိုင်တိမ်ခဲများ
ဟွေမှအေသို့ရွိလျားကစပ်နိန်ကပ်
ဖော်ကိုဆွီးလွမ်းငေးနိန်ရေပိုင်
တိတ်ဆိတ်ငြိမ်သက်နိန်ရေမြစ်ဆိပ်ကမ်း
စီးဆင်းနိန်သောရီစီးကြောင်းသွင်ပြင်
ဖြားရီအတက်အကျကိုလိုက်ရီတွက်
အပိုမဟိရေစားနပ်ရိက္ခာဝီစု
ဆောက်လုပ်မှုနည်းပညာနန့်ဖောင်တော်
ခေါက်တုန့်ပြန် နဲ့အတက်အဆင်းခရီးသည်
တက်ခတ်သံနှင့် သင်္ဘေဥသြသံရောထွီးလားရခြင်း
လောင်စာဖြည့်စက်ရုံမှ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်ယင်းလုပ်ငန်းစတင်
ခုတ်မောင်းလားခရေသင်္ဘောတစီး
တဖြတ်ဖြတ်နန့်မီးပြတိုက်ဘေးနားဖြတ်အလား
ဟွေခြုံအေတောကငှက်များထပျံလား
စည်ကားစပြုဆိပ်ကမ်းကအပြန်
လောင်းတစ်စီးချောင်းထဲလှမ်းဝင်ယင်း
အုန်းခင်းကငှက်ပျင်းတစ်ကောင်အတွက်ဇိမ်ချေပျက်
လုပ်ငန်းစရန် ကွန်သမားချေတာစူကေပင်
ဖြာကျလခရေကွန်ချက်တိအောက်
ပုဇွန်ပြောက်နှင့်ငါးများအလုပ်ရှုပ်လားရခြင်း
တိတ်ဆိတ်မှုပြိုကွဲစပြုနိန်ချိန်
အရှိအရပ်မှလင်းရောင်နီဖြာလင်း
ပျံသန်းလားခရေငှက်ချေတစ်အုပ်ကမိုးသောက်တေးကိုသီ
ချမ်းအီးသော နှင်းမြူတိနန့်ဆောင်းဒဏ်ကို
အံတုနိန်ရေ မီးဖိုဘေးက အဘိုးနန့်အဘောင်…။

လေးစားစွာဖြင့်
SATOE 26092009

No comments: