Saturday, October 10, 2009

တောင်တက်ညီအကို…

အဝေညီကို………..
မင်းနန့်ငါကည်ီအကို
မင်းကညာလက်သန်ရေ
မတ်ကဘယ်လက်သန်ရေ
ငြင်းမနီပါကေ့ဖိတချက် ငါရို့တတူလုပ်မှအလုပ်ပြီးဖို့ဒေ…။

ညာသန်ရေလက်က အားကောင်းရေပိုင်
ဘယ်သန်ရေလက်က တအားသွက်ရေ
ကိုယ်သန်ရေဖက်လက်နန့် လုပ်ကပ်မေ
ဘယ်သန်လူရို့အားသာချက်ကိုအသိအမှတ်ပြုယင်း
ညာလက်နန့်ထမင်းစားဖို့မငြင်းပါကေ့တချက်…။

မတူညီရေအချက်တိနန့် တတူလုပ်ယင်း
ခရီးဆက်ကပ်မေ လူတယောက်အားနန့်
ခရီးမပေါက်နိုင်ရေနိန်ရာကို ရှိကအဖြစ်အပျက်တိနန့်
စိတ်ပျက်ပနာရပ်ကြည့်မနိန်ပါကေ့
လာတတူလားကြည့်ကပ်မေ...။

တခါတရံမှာဗျူဟာမမြောက်ရေ
သဘောတရားတိကခွန်အားဟိနိန်စော်ပင်
ယေဒါလည်းလမ်းညွန်မြေပုံချေတခုတော့လိုလိမ့်မေ
အားကိုးမဟိခင် လမ်းအရင်ထွှင်ကပ်မေ
လမ်းဟောင်းလမ်းကြောင်းကိုရှာမတွိကေ လမ်းသစ်ဖောက်…။

လမ်းကြောင်းရှာယင်း သက်လုံအားလည်းကောင်းစီ
ဝေဖန်မှုဟိမှတိုးတက်ရေ တောင်တက်ခရီး
လူတချို့အမိန်း(မီး)ကြောင့် အားမလျှော့လိုက်ပါကေ့
တယောက်ချေနောက်ပြန်လှည့်ကေ တအားစီဆုတ်လခရေ
အခြီအနီကြောင့်ဖြစ်ကေတောင် ပုံရိပ်ချေတခုကိုမရုပ်သိမ်းလိုက်ပါကေ့
တခြားလူတိအားလျော့အားကြီးလို့ပါ…။

ရပ်တည်မှုတခုအတွက် ဘယ်နန့်ညာက
လူ့ခန္ဓာတစ်ခုတည်းမှာဟိနိန်စော်ပင်
လမ်းကြောင်းရှာရင်းတောင်တက်ရေခရီးမှာ
အမှားပျင်လို့အမှန်ဆင်လားကပ်မေ
ဘယ်နန့်ညာကညီအကိုပင်…။

လေးစားစွာဖြင့်
SATOE 20092009

No comments: