Saturday, October 10, 2009

“သူငယ်ချင်း ယောက်ဖချေသို့…”

အဝေ ယောက်ဖချေ…။
မတ်(မင်း)နိန်ကောင်း ပါမလား (ယင့်)…၊
ရပ်ရွာဒေသနန့်ဝီးကွာနိန်စွာ…၊
ကောင်းကောင်းကြာလခယာ(လားဗျာယ်)…။
အငယ်ချေခါ ကစပ်ခတေ…
ရွာပြင်ကဘောလုံးကွင်းလည်းငါ လွမ်းရေ…၊
မိုးရာသီ ဖုန်းကြီးကျောင်းခြံ ထဲမှာ
ဘောလုံးကျောက်ကတ်လို. ဆရာတော် လက်စာမိခစွာလည်း…၊
ငါသတိရနိန် တုန်းရာဝေ…။
ဘောလုံးကျောက်လို့နိုင်ကေ…
အမှတ်တရနန့် ပွဲစည်ခရေ…၊
ရွာထဲက ဥာဏ်ရည်ဝိုင်း…၊
ပူပူလောင်လောင်နန့် ချက်စားခကပ်တေ…၊
ကြက်သားဟင်းနန့် ထမင်းဝိုင်း…၊
အားလုံးကို အမှတ်တရနန့်ရာဝေ…။
လူပျိုပေါက်စရွာလည်မတတ်လို့…
မတ်(မင်း)ပီးခရေ သင်ခန်းစာထဲမှာ…၊
ဥာဏ်ရည်က ရဲဆီး…၊
အေပိုင်စိတ်ကူးကောင်းရေ မတ်(မင်း) ကို…၊
သတိတရနန့် ကျေးဇူးပါဝေ ယောက်ဖချေ…။
မတ်(မင်း) နန့်ငါ အငယ်ချေခါ…
ငြင်းခကပ်ရေ ရခိုင်သမိုင်းက ၀ထုထဲမှာ…၊
ငရို့မိဘတိမပြောဖြစ်ခကေလည်း…၊
သိချင်စိတ်နန့် ရှာဖွီလေ့လာကေ…၊
သမိုင်းအမှန်ကို ငါ ရို့သိနိုင်ရေ…။
“လိုရာသူလိုရာပိုင် ပြောပြော ဇာသူဇာပိုင် ပြောပြော”
ဆိုရေပိုင် တောင်နန့်မြောက်၊
အဟြိနန့်အနောက်၊ အထက်နန့်အောက် ဆိုစွာ၊
ရှင်းလင်းချက်လမ်းညွှန် တခုရာ ဖြိုက်တေ…၊
ငါရို့တိအားလုံး ညိန်အကိုတိရာ…။
ညောင်တပြင်ထောင်းခေါ်ရေ တောင်ဖက်ထောင်နန့်
မြောက်ဖက်ထောင်း ဘောလုံးကျောက်လို့
ရန်ဖြိုက် ကပ် ကေလည်း xxx၊
အပျို၊လူပျိုစုကေ ငါရို့ကတစုတည်းရာ…၊
ရွာလည်ထွက်ကေလည်း ငါရို့ကလိုင်ဖက်ပနာရာ ဝေ…။
ဇာပိုင်ဖြိုက်ဖြိုက် မတ်(မင်း) ရာငါ့အကြောင်းသိရေ
ငါရို့ရီမြိန် ဒေသ နန့်ပတ်သက်ရေ…၊
သမိုင်းရာဇ၀င်တိကို မတ်(မင်း) နန့်ပေါင်းပနာ
ဆွေးနွီး တိုင်ပင်ခံစားမှုကရာ…၊
ငါရို့အမျိုးဂုဏ် ကိုမြှင့်တင်ပီးနိုင်ကောင်းရေ…။
ဒေသထွက်အရက်ကို အများကြီးမသောက် ကဲ့ပြောကေ…၊
ဘီယာလည်းအရက်ရာလို့မတ်(မင်း) ကာလီတတ်တေ…။
ငါရို့နှစ်ယောက်အတူတူယာဝေ ယောက်ဖချေ…၊
မတ်(မင်း)အဖ ဘေးဘေပြောစွာရီစရာပိုင်နန့်စိုင်းစားဖို့ကောင်းရေ၊
“အဝေမောင်စိကေမတ်(မင်း)အရွယ်ရောက်လို့အရက်သောက်စွာ ငါမပြော ယေဒါလည်းငါ့အိမ်ထက်မှာတော့ပုလင်းမထောင်ကေ့ဝေ”
ယင်းအတွက်နန့်မတ်(မင်း)နန့် ငါအရက်ကျမ်းကို…
စည်းကမ်းထုတ်ဖို့လုပ်ကပ်ခရေ…။
“ဘာဘာသောက်ရေ အရက်ထက်
မေမေမျက်ရည် ပိုများရေ …” ပြောလခရေ
ညိန်ချေတယောက်ကို မတ်(မင်း)နန့်ငါအကြံပီးခစွာလည်း…
ငါအကယောင်းအမှတ်တရနန့်ပါ…၊
အဟောင်းကိုမွန်းမံ ပနာအသစ်ပြင်ဆင်စွာ…
ယိုင်ကျေးမှုကိုထိန်းသိမ်းရာရောက်ဖို့ထင်ရေဝေ…။
အဝေယောက်ဖချေ…
အေနိန့်ချိန်ခါမတ်(မင်း)ကလည်း… ရွာကထွက်ပီးကေတာဝန်ထမ်းဆောင်…၊
ငါကလည်းလမ်းခွဲထွက်ပီးအလုပ်လုပ်နိန်ချိန်မှာ…
ငါရို့ရွာအရင်ကပိုင် စီစီကားကားနန့်…၊
ပျော်စရာကောင်းနိုင်ပါစီ…။
နွိန်ရာသီကျောင်းပိတ်ရက်မှာမတ်(မင်း)ရွာရောက်လို့…
အခွင့်ကြုံကေမတ်သိထားရေ အသိပညာနန့်
ရပ်ရွာဒေသအလှအပကို ထိန်းသိမ်းနိုင်ဖို့…
ကိုယ့်လူမျိုး ၊ ကိုယ့်စာပီ ၊ ကိုယ့်ယိုင်ကျေးမှုကို…၊
အိပ်မက်ဆန်ဆန် ၊ ၀ထုအလားတွီးတောနိန်ကပ်တေ…
ညိန် ၊ ညိန်မချေ ရို့ကို အလင်းရောင်ပီးနိုင်ဖို့ကြိုးစားပီးပါဝေ…။

SATOE 07072009

No comments: