Saturday, October 10, 2009

ပုံရိပ်နောက်လိုက်…

မဟာဆန်ဆန် အပြုံးတပွင့်
ပီပြင်မှုမဟိရေဆွဲချက်တိနန့်
မှော်ဆင်ဆင်ယိမ်းနွဲ့ယင်း
ပြောပြရခက်လိုက်တေပင်…။

လှုပ်ရှားမှုတိုင်းမှာ
မာယာမရောရေ ပင်ကိုညင်သာမှုနန့်
ကဗျာဆန်ဆန် ပုံရိပ်ကိုဆင်ယင်ထုံးဖွဲ့ယင်း
ဆွဲအားကောင်းလိုက်တေပင်…။

ညှို့အားပြင်းတောင်ပန်ခတ်မှုနန့်
ဝိုင်းစက်စူးရှနိန် မျက်ဝန်းတစုံ
လျှို့ဝှက်မှုတိနန့် အလင်းပိုင်ရှင်
တချက်အဝေ့ ငေးမောယင်း
ရွိလိုက်တိုင်းတွိမိချင်လိုက်တေပင်…။

အသွင်မှာ တမူထူးမို့
အပိုဆုထူး မာနမမူးခင်
တင့်တယ်ညင်သာ ကလျာသို့နှယ်
စိတ်အာရုံမှာဝင်ပနာခစားနိန်ရေ
ထူးခြားမှု ပုံရိပ်ချေတခု…။

လေးစားစွာဖြင့်
SATOE 04092009

No comments: