Saturday, October 10, 2009

“ဆောင်းလီနန့် ညှို့အား ”

ရွှန်းလဲ့ညှို့အားများနန့်ဖမ်းယူ
ပြုစားမှုလောင်းရိပ်ထဲကလူအဖြစ်
ရူးသွပ်မှုတဒင်္ဂချေမှာပင်
ခံစားယင်းအတွီးဝင်္ကဘာထဲ
လမ်းမဟုတ်မှန်းသိရက်နန့်
ဝင်္ကဘာထဲကိုယာ ဦးတည်ခ…..။

လန်းလာလိမ့်နိုး မျှော်ကိုးမိယင်း
ပွင့်မည့်ပန်းကို မညှိုးစီချင်
ဘ၀င်နန့်ရွှင်မြူး ကြေနူးစီချင့်
မြတ်နိုးမှုကိုတံဆာဆင် လိုအင်နန့်တေးဖွဲ့
ချစ်ခင်နှစ်လိုမှု အုံတုံ့တုံ့လှယ်
ကြည်စင်ကိုမိတ်ဖွဲ့ဆန္ဒနန့်တောင်းဆုပြု …..။

လိုင်း၏တံခိုးနန့် နိုးထစိတ်အာရုံ
မြူမှုံအုံ့ဆိုင်းပင်ကိုင်းထက်ဟိ
လင်းလက်မှုကိုမျှော်ယင်း ရှိတိုးရန်ဟန်ပြင်
လာလိမ့်နိုးနိုး ၀င်းထိန်နီရောင်ကိုတ
အရပ်ဒေသကိုတွက်ဆယင်း ခြီလှမ်းစ
နိမိတ်မဖတ်တတ်ရေ ဆောင်းလီကိုရာဆန့်ကျင်မိ…..။

SATOE 03092009

No comments: