Saturday, October 10, 2009

ဂုဏ်သတ္တိ

အမွီ မရလိုက်တေ
ပဉ္စလက်ခဆန်ဆန်အနာဂတ်ဘဝ
အလှတရားတခုကိုပင်
ဖွဲ့နွဲ့သီကုံး လို့မရ…။

ရှိအဆက်ဆက်ကဟိခရေ
ယိုင်ကျေးမှုအရှိန်အ၀ါတိလည်း
လက်ဆင့်ကမ်းမှုတိပျောက်ပနာ
တသီးတခြားဖြစ်စီခရေ…။

တွီးခေါ်ကြံဆမှုတိနန့် တည်ဆောက်ခပ်ကရေ
မြင့်မြတ်သောအယူအဆတိလည်း
လမ်းပြမဟိရေပိုင်
ထွန်းလင်းတောက်ပြောင်ခွင့်မဟိ…။

ရဟိပိုင်ဆိုင်ခရေ တီထွင်မှုတိကို
ရယူအခြီခံဖို့ မှတ်တမ်းမှတ်ရာ
မဟိစော်က ခြီတလှမ်းနောက်ကျစီရေ…။

ရီမြိန်ဒေသ ကျကျဉ်းချေကိုကပင်
လိုက်လျောညီထွေ နားလည်နိုင်ဖို့
ခရီးလားမှတ်တမ်းချေ မတင်နိုင်ခ…။

ခံစားမှုတိ စီးဆင်းလာရေ
နှလုံးသားပုံရိပ်ကို ထုတ်ဖော်ပြဖို့
ဘာသာစကားအငှါး မသုံးချင်ဘဲ
လိုက်နာကျင့်သုံးနိန်ရရေ…။

လက်ချောင်းတိမညီမျှမှုကိုဝန်ခံယင်း
လက်သီးတလုံး၏ပြင်းအားကို
ဝေဖန်ဖို့ အနုပညာဆန်ဆန်
ဟြိအဆက်ဆက်က
အစိုင်အလာကိုလေ့လာချင်မိရေ…။

ပြောင်းလဲမှုတိအောက်မှာ
ထိန်းသိမ်းမှုနန့် တီထွင်မှုကို
သဟဇာတကျကျ မှတ်တမ်းတင်နိုင်ဖို့
ဂုဏ်သတ္တိတစ်ခု…။
SATOE 09082009

No comments: