Saturday, October 10, 2009

လွဲနိန်ခရေပစ်မှတ်

ပစ်မှတ်ကိုဦး တည်ပနာ
ချိုင်ထားရေ ရာဘာနှစ်ပင်ကြား
ဆွဲအားနန့်ဆောင့်လွှတ်လိုက်တေ…။

အဟုန်နန့်ရုန်းထွက်
ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်
လိုရာသို့ခရီးနှင်ရရေ…။

စကေလောနိန်ရေ မှန်းဆချကကြောင့်
ပစ်မှတ်ကိုချန်
အသျှိန်လွန်ကာ မြီမှာခရရေ…။

အာရုံကိုစူးစိုက်
ခမိုက်မိုက်နန့် တခေါက်စမ်းပြန်ရေ
လိုချင်ရေဆန္နလွန်မိခလို့
ပစ်မှတ်ကိုမရောက်ခ…။

လွဲနိန်ရေ ပစ်မှတ်အတွက်
ဆန်းစစ်ပနာ အဖြေရှာဖို့
အတ္တကိုလိုတိုး ပိုလျှော့
လောဘကိုစကေ ရီရောပနာ
နောက်တခါ ထပ်စမ်းပြန်ရေ…။

ခပြင်းပြင်းနန့် ရုန်းထွက်လခရေ
ပုံမှန်အသျှိန်တိက
ကမ္ဘာ့ဆွဲအားကို သဟဇာတကျကျ
မျှဝီပီးနိုင်ခလို့
ရောက်လခရေ အေပစ်မှတ်ဆီသို့…။

SATOE 19082009

No comments: