Saturday, October 10, 2009

ခရီး နန့် အားမာန်

ခရီးလွန်အိပ်မက်မဟုတ်
တဲကုတ်ချေ လီအဟတ်မှာ
လွင့်ထွက်ချင်ချင် အမိုးအကာတိအောက်…။

မိုးသီးပေါက်ချေတိကိုလိုက်ရွီယင်း
စွတ်နိန်ရေ ပထ၀ီမြီကြီးထက်
ကောက်ရိုးချေခင်းပနာ အိပ်ဖို့ကြိုးစားယင်း…။

ထင်ထားခရေ ခရီးကလည်းမလှပ
လွှဲချဖို့ အားယူ ဇာသူပင်မဟိ
အားမတန်လို့မာန်အချ လဲကျလခရေတချက်…။

အားယူယင်းပြန်ထ ဆန္နကိုပြန်နှိုးမိ
ညှိုးကျနိန် စိတ်ဓာတ်ကိုအားဖြည့်ကာ
ရိုင်းစပြုနိန်စိတ်ဓာတ်ကို အယိုင်သွင်းယင်း…။

ပေါ်လာမိရေမျှော်လင့်ချက်ချေတိကိုလိုက်ဖမ်း
ခရီးမပုပ် အောင်ဂရုစိုက်ယင်း
ဆန္နနန့်ခရီးဆက်ရန် စိတ်အားထက်သန်နိန်မိ…။

လင်းစပြုရောင်နီ အောက်ဝယ်
ပျောက်စပြုမိုးသီးပေါက်ချေတိကလည်း
နှုတ်ဆက်စကားပြောနိန်ရေအလားပင်…။

ညသဘ၀အမှောင် ကာလကိုခွာချပနာ
လင်းစပြုရောင်နီကို အဖော်ပြုယင်း
ခရီးဆက်ရန် အားမာန်ဝင့်မိ…။


SATOE 20082009

No comments: