Tuesday, February 2, 2010

အလွမ်းကြယ်

ညတစ်ည
ရောင်စုံအိမ်မက်က
လမ်းတ၀က်မှာလန့်နိုး
အပိုးမကျိုးရေငါ့ဟန်ပန်
အိုင်တင်ထုတ်ဖို့ကြံ
ဈာန်ဝင်ချိန်တောင်မရလိုက်…။

လမိုက်ညအလှ
မီးမရမှန်းသိရက်သားနန့်
ကြယ်ရောင်ကိုအဖော်ပြု
လွမ်းခြင်းနန့်အတွီးစု
ခေါင်တောက်ကမမြည်
ခိုတစ်ကောင်ကတော့ ညဉ်းလိုက်တေ…။

ညဉ့်ကာလ
အမှောင်ထဲကိုစိတ်ကူးပေါက်
ရောက်ခရေဇာတ်ပွဲထဲ
သြော်လူသြော် ခေါ်လူခေါ်နန့်
ပလီပလာတိပျော်စံရာ
ရုံဝင်လက်မှတ်ကကျန်ခရေ…။

အာရုံတက်ချိန်
အိမ်နောက်ဖက်ကိုကြယ်ကြွီကျ
နိမိတ်မဖတ်တတ်လို့
အောင့်သက်သက်နန့်အနမ်းဖွဲ့
နှုတ်ဆက်မိရေအလွမ်းကြယ်…။

လေးစားစွာဖြင့်
SATOE 17012010

No comments: