Wednesday, January 13, 2010

တစ်ခန်းရပ်ပြဇာတ်



စိတ်ကူးနန့်တွဲခရေလက်တစ်စုံ
အာရုံဦးမှာနိမိတ်ဖတ်
တတ်အပ်သိ စိတ်စွမ်းအင်မဟိ
မျှော်လင့်မိခရေ နိန့်ရက်တိ
ဆောင်တိုင်းမြဲအတွီးစ…..

တာစူနိန်ယင်းပစ်မှတ်ကပျောက်
လွင့်ချင်ချင်နန့် နိုးတ၀က်အိမ်မက်
မရေမရာပြုစားမှုလောင်းရိပ်အောက်
ဆန္ဒလွန်ကဲထုဆစ်ခြင်းက
အနာတရနန့်တသသဖြစ်မြဲ…..

တောင်းဆုခြွီရန် အာရုံပြု
နာမေမသိရေခံစားမှုတိက
ထားရာနိန်နှင်ရာလား
ခံစားချက်တမိုးသားအောက်
နှင်းစက်ကျသံတိကရွီမကျ…..။

လေးစားစွာဖြင့်
SATOE 27122009

No comments: