Sunday, November 8, 2009

အာရုံပျောက်ချိန်

တွိဆုံကြုံကွဲ
လမ်းအတိုင်းစုံလျှောက်
ရပ်စောက်မိမျော
ငေးတိုင်းတွီးကာ
ထိုင်ပနာခြီဆန့်
ကြွက်တက်ခြီမလှန်
ဝင်လာတဖန်လန့်နိုး
အတိတ်ဆိုးပုံရိပ်…

ခေါင်းညှိတ်ပြမရ
ဆွံ့အစိတ်အာရုံ
မှိတ်ထားမျက်လုံး
ဖုန်းချမျက်လွှာ
အိပ်ချင်ပါလည်း
လိုရာခေါင်းစဉ်တပ်မရ…

ဝေဒနာလည်းမသိ
အဖြေရှာမိသည်ကအပို
လိုလိုမယ်မယ်ယူလာသည်က
အပိုမဟိလိုမပြည့်သည့်
လောဘကိုဘောင်ခပ်မရ…

တောင်ကြည့်မြောက်ကြည့်
ရဟိမိသည်ကဗလာအသိ
တစဆွဲကိုင်ဘယ်တနိုင်ပ
ညာကိုအားကိုးတဖက်တိုး
ကြိုးစားရုန်းထ
ရိနွမ်းနိန်စိတ်ဓာတ်နှိုးမရ…။

လေးစားစွာဖြင့်
SATOE(08112009)

No comments: