Saturday, October 10, 2009

ကြယ်ပျံရေည

အာရုံဦးအလင်းသစ်မှာလျှောက်လှမ်းယင်း
ရောက်မှန်းမသိနန့် ပေါက်နိန်ခရေခရီး
ရင်ထဲတနိန်ရာ ကအလိုက်ကန်းမသိ
ဆန္ဒ၏နှိုးဆွမှုနန့် အိမ်ပြန်ချိန်…။

မှော်ဝင်တောဆန်ဆန်
ဂန္တ၀င်မြောက် ခန်းနားမှုတိနန့်
မဟူရာည အမှောင်ကာလထဲမှာ
သဘာဝအလင်းရောင်သျှေ
လမင်းတစ်စင်းကိုယာမျှော်လင့်မိ…။

အလင်းမဟိနိန့်ရက်တိထဲမှာ
ကြယ်တံခွန်ကို ဆွတ်ပီးဖို့
အပြောချေသုံးပနာ နှစ်သိမ့်စကားမဆိုမိခ
ရောင့်ရဲမှု တိနန့် ပြုစုပနာ
အလှတရားနန့် ဆင်ယင်မှုဆက်စပ်ချင်မိခ…။

လင်းလက်နိန် ကြယ်စင်တိလည်း
အဖော်ပြုမှုကို လှောင်ရီနိန်ရေအလား
ကြယ်ပျံတိကို ကြည့်မိယင်းက
လွတ်လပ်ခြင်းနန့် ကျဆုံးခြင်းကြားမှာ
ခေါင်းစိုင်တပ်မရလို့ ချမိခရေဘ၀င်ချေတချက်…။

SATOE 11092009

No comments: