Wednesday, January 13, 2010

တောင်းဆုဆန္ဒ

လွင့်လီထဲကရနံ့တစ်စုံ
အာရုံဦးမှာဖူးလို့ငုံ
ဝတ်မှုန်ကိုယ်စီပွားပါဖိ
ဆာလောင်မှုအသိ
နှောင်ဖွဲ့မိစဉ်…။

ဆန္ဒကိုထပ်ဆင့်ခြယ်
မှိတ်တုတ်မှိတ်တုတ်မိုးသောက်ကြယ်
နွီ၏ပူလောင်မှုမျိုး
မရိုးနိုင်ရေဆောင်းတစ်ည
မိုးရာသီထဲစွတ်စွတ်စို…။

ပွင့်ချပ်တစ်ခု၏လွတ်လပ်မှုမျိုး
လီပြီတိကတိုက်လို့တိုး
ကိုင်းခက် ချိတ်ဆက် လက်ဖြာ
သဘာဝအလှ စေတနာ
နီရောင်ခြည်လည်းဖြာကျလာ…။

အပြုံးကိုယ်စီဝင့်လို့သီ
ရွက်ဝါတိကထပ်ဆင့်ကြွီ
တိုက်လီလမ်းကြောင်းချီရာ
အားမာန်ဝင့်လို့လာ
ဆန္ဒကိုယ်စီရင့်ကျူးသီ…။

လေးစာစွာဖြင့်
SATOE 16012010

တစ်ခန်းရပ်ပြဇာတ်



စိတ်ကူးနန့်တွဲခရေလက်တစ်စုံ
အာရုံဦးမှာနိမိတ်ဖတ်
တတ်အပ်သိ စိတ်စွမ်းအင်မဟိ
မျှော်လင့်မိခရေ နိန့်ရက်တိ
ဆောင်တိုင်းမြဲအတွီးစ…..

တာစူနိန်ယင်းပစ်မှတ်ကပျောက်
လွင့်ချင်ချင်နန့် နိုးတ၀က်အိမ်မက်
မရေမရာပြုစားမှုလောင်းရိပ်အောက်
ဆန္ဒလွန်ကဲထုဆစ်ခြင်းက
အနာတရနန့်တသသဖြစ်မြဲ…..

တောင်းဆုခြွီရန် အာရုံပြု
နာမေမသိရေခံစားမှုတိက
ထားရာနိန်နှင်ရာလား
ခံစားချက်တမိုးသားအောက်
နှင်းစက်ကျသံတိကရွီမကျ…..။

လေးစားစွာဖြင့်
SATOE 27122009