Tuesday, November 24, 2009

လိုရာမဲ့ဆန္ဒ

မှောင်စပြုညကာလမှာ
လရောင်မိုးမခန်းအောက်
ပုဇွန်ဆီရောင်ဆည်းဆာအလှ
ပျောက်လုပျောက်ခင်
အရိပ်အကဲမသိ
ဆန္ဒတိနန့်လိုရာမဲ့ဦးတည်ချက်…။

ရနံ့တစုံကိုမက်မောယင်း
ပန်းတပွင့်ရာဇ၀င်ကိုလေ့လာချင်ခသူ
ဖြူနီပြာရောင်စုံညအလှထဲမှာ
ပျော်ဝင်စီးမျှောယင်း
လမ်းတဆုံးတော့မော့မကြည့်ချင်…။

အဆိပ်မိသူမဟုတ်သည့်တိုင်
ပျား ပိတုန်းဆိုစော်က
ဥယျာဉ်မှူးနန့်မိတ်ဖက်တိယာ
ဂန္တ၀င်မြောက်ခန်းနားမှူတိအောက်
လရောင်ကလင်းလက်ခွင့်ပျောက်…။

ရွက်ခြောက်တိကြွီ
ရွက်နုဝီတိုင်း
နိရက်သစ်တိကိုအဖော်ပြု
ရင်ထဲကခံစားချက်ကိုမွန်းမံ
တောင်းဆုပြုရန်လိုရာမဲ့ဆန္ဒတခု…။

လေးစားစွာဖြင့်
SATOE (15112009)

အလွမ်းသင့်ရောင်စုံည

လက်ထဲကမိုက်ကရိုမီတာတစ်လက်
တိုင်းစရာရှာယင်းနန့်အတွီးစ
ချပြလို့ရရေကိန်းဂဏန်းတိမဟိ
အစမသိရေအတွီးကြိုးကိုဆွဲဆန့်မိ
လျှောက်မိခရေလမ်းကြောင်းတိက
နှုတ်ဆက်ယင်းနန့်အတိတ်မှာ…

ရောက်နိန်ခရေပုံစံချေတိ
နာမေမသိရေအယင်ကခံစားမှုမျိုး
မျှော်လင့်ဖို့ခံစားမှုကုန်ကြမ်း
နယ်လှည့်ယင်းကျင်လည်ချင်ခရေခရီး
အိမ်မက်ကိုပုံဖော်ဖို့စိတ်ကူး
ရူးမိုက်မိုက်နန့်သျှူသျှိုက်မိခရေ
မျှော်လင့်ခြင်းတဖက်အလွန်က…

နိရက်တိနန့်လကိုဖွဲ့
လတိနန့်နှစ်ကိုသီ
ဆောင်လီပါယင့်ဆယ်စုတိဆီ
ဓလေ့ကိုလွမ်းရာသီတမ်းယင်း
ဆောင်းပေါက် မိုးနှောင်း နွီဦးပြောင်း
ရွက်ဟောင်းတိလည်းကြွီနိန်ဗျာယ်…

ခရင်းတစ်စုံမလိုရေ
လတ်လတ်ဆတ်ဆတ်ခြံထွက်သီးနှံများနန့်
ဆူဆူညံညံမိသားစုထမင်းဝိုင်း
ရောင်စုံမီးမရလို့
ဆီမီးခွက်အောက်မှာပင်စားရစားရ
အရသာကတော့အဆမကန်ပိုရေ…

ကျေးဇူးတရားကိုလေ့လာယင်း
သီအိုရီကိုထပ်ဖြည့်စွက်
နားလည်ရခက်တေယူဆချက်တိနန့်
လွမ်းယင်းတမိရေ
မိဘအရိပ်ချေစကေခိုချင်လို့
အားလပ်ရက်ကမဟိကေ
အေတဆောင်းလည်းပြောင်းပါဗျာယ်…။

လေးစားစွာဖြင့်
SATOE 20112009

Sunday, November 8, 2009

ကောက်ရိုးခြီနင်းငှက်

အရှိဘက်ကလင်းရောင်နီ
ဆောင်းဦးအလှစာပန်းချီ
အိပ်မောကျနိန်လူ့လောက
သက်ဝင်လှုပ်ရှားနိုးထကြ…။

ကာရံမရတေးကိုသီ
မိုးသောက်ငှက်တရွီ
ဟွေကနိန်အေကိုပျံလို့လား
ရှာရန်ရိက္ခာတော…။

နီရောင်ခြည်အကျနန့်
နှင်းစက်ပေါက်ရို့ကြွီကျသံ
ကောက်ရိုးခြီပျော်ငှက်အဖို့
အိပ်ရေးမ၀တ၀နန့်နိုးထရန်…။

လေးစားစွာဖြင့်
SATOE(30102009)

အာရုံပျောက်ချိန်

တွိဆုံကြုံကွဲ
လမ်းအတိုင်းစုံလျှောက်
ရပ်စောက်မိမျော
ငေးတိုင်းတွီးကာ
ထိုင်ပနာခြီဆန့်
ကြွက်တက်ခြီမလှန်
ဝင်လာတဖန်လန့်နိုး
အတိတ်ဆိုးပုံရိပ်…

ခေါင်းညှိတ်ပြမရ
ဆွံ့အစိတ်အာရုံ
မှိတ်ထားမျက်လုံး
ဖုန်းချမျက်လွှာ
အိပ်ချင်ပါလည်း
လိုရာခေါင်းစဉ်တပ်မရ…

ဝေဒနာလည်းမသိ
အဖြေရှာမိသည်ကအပို
လိုလိုမယ်မယ်ယူလာသည်က
အပိုမဟိလိုမပြည့်သည့်
လောဘကိုဘောင်ခပ်မရ…

တောင်ကြည့်မြောက်ကြည့်
ရဟိမိသည်ကဗလာအသိ
တစဆွဲကိုင်ဘယ်တနိုင်ပ
ညာကိုအားကိုးတဖက်တိုး
ကြိုးစားရုန်းထ
ရိနွမ်းနိန်စိတ်ဓာတ်နှိုးမရ…။

လေးစားစွာဖြင့်
SATOE(08112009)

လှိုင်းခွတ်သံ

အစရှာမရတေလှိုင်းဖြစ်ပေါ်ခြင်း
ကမ္ဘာနန့်လကြားက
ဆွဲအားချေတခုလို့သိခယင့်
ပြောပြလို့မယုံချင်ခ…။

ဧရာမလှိုင်းကြီးလည်း
အဟုန်နန့်ဗြီးဆောင့်
တုတ်တုတ်ချေပင်မလှုပ်ရေ
ကျောက်ဆောင်တိအောက်
ခဖြုန်ဖြုန်နန့်မြည်ဟီး…။

လျှိုးလှိုင်းနန့်ရိုက်လှိုင်း
တလှည့်စီဖြစ်ပေါ်ယင်း
ကစပ်နိန်ကျလှိုင်းချေတိသဘာဝ
ပင်လယ်ပြင်အမိရင်ခွင်မှာ
လှုပ်ရှားနိန်သက်ဟိတိပိုင်ဗျာယ်…။

လေးစားစွာဖြင့်
SATOE 30102009

မာန်၏နတ်စင်

မဟူရာလီပွီချေတချက်အသုတ်
ခလှုပ်လှုပ်နန့်စင်အို
အမြင်အာရုံကိုသက်သီပြဖို့
ပိုင်သျှင်မဟိရေအရပ်ဆို

ဓလေ့ကိုအဆိုပြု
မငြင်းမိဖို့စရိုက်ခို
အလေ့ကျကောလဟာသ
လိုက်လျော့ယင်းနန့်ပသရ

မယုံဟုမပြောတန်
အဖန်ဖန်စိတ်မှာလွန်ဆွဲ
ပတ်တီးတိုင်းနတ်သံမမြည်
လွန်ဆွဲနိန်ရေယုံကြည်မှု

ပွဲကျင်းပတုန်းခံစားယင်းခို
စိတ်ဘ၀င်ကိုစွဲထင်လာငြိ
ရင်တလှိုက်လှိုက်နန့်ခံစားမှုပြို
ရိနွမ်းပနာ သိမ်းလေ့ဟိရေပွဲတန်း ။

လေးစားစွာဖြင့်
SATOE 11102009